Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

သင်္ကြန်ကာလနေရပ်ပြန်မည့် ထိုင်းရောက်မြန်မာအလုပ်သမားများအတွက်

၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ကြာသပတေးနေ့ ထိုင်းနိုင်ငံတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံနေရပ်ဒေသအသီးသီးသို့ ပြန်ကြမည် မြန်မာအလုပ်သမားများအတွက် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုအရ နေရပ်ပြန်အလုပ်သမားများ နေရပ်သို့ပြန်ပါက ဘတ် ၁၀ဝ၀ ကုန်ကျပြီး ဆောင်ရွက်ရသည့် အိမ်ပြန်တုံးကြီး (Re-entry) ထုရန်မလိုဘဲ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း ဝင်/ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အိမ်ပြန် တုံးကြီး ထုရန်မလိုဘဲ သတ်မှတ်စာရွက်စာတမ်း အပြည့်အစုံဖြင့် မိမိတို့၏ နေရပ်ဒေသများကို ပြန်နိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။သို့သော်လည်း ယခင်နှစ်များတွင် နေရပ်သို့ ပြန်သည့်အလုပ်သမားများ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ယခုနှစ်တွင် ဆက်လက်မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

(က) ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက သင်္ကြန်ကာလအတွင်း အိမ်ပြန်ရန် သတ်မှတ်ရက်က ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိသာ ခွင့်ပြုထားသည့်အတွက် ယင်းကာလအတွင်းမှာ မပျက်မကွက် ပြန်လည် ဝင်ရောက်ရန်၊

(ခ) သတ်မှတ်ရက်ထက် စော၍ပြန်လိုသူများ အနေဖြင့် လည်းကောင်း၊ သက်မှတ်ရက်ထက် နောက်ကျပြီးမှ ထိုင်းနိုင်ငံသို့ ပြန်လိုသူများအနေဖြင့် လည်းကောင်း ပုံမှန်အတိုင်း အိမ်ပြန်တုံး (Re-entry) ထုသွားကြရန်၊

(ဂ) ထိုင်းနိ်ုင်ငံ၊ အစိုးရမှ ဗီဇာနှင့်ပတ်သက်ပြီး အဆင်ပြေစေရန် ကာလသတ်မှတ်၍ ဖြေလျော့ဆောင်ရွက်ပေးထားသော်လည်း မိမိတို့ အလုပ်ရှင်များထံမှ ခွင့်ရရှိသည့် ကာလထက် ကျော်လွန်နေထိုင်ခြင်းကြောင့် အလုပ်ထုတ်ခံရခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရန် ခက်ခဲခြင်းတို့ နှစ်စဉ် ဖြစ်ပေါ်ခဲ့သဖြင့် အလားတူ ပြသနာများ မဖြစ်ပေါ်စေရေးအတွက် အလုပ်ရှင်မှ ခွင့်ပြုသော အလုပ်ပိတ်ရက် အတိုင်းသာ နေထိုင်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ကြရန်နှင့် အကြောင်းကြောင်းကြောင့် အလုပ်ဝင်ရန် နောက်ကျလိုသဖြင့် မိမိတို့၏ အလုပ်ဌာနများသို့ ခွင့်တိုင်ကြားလိုပါကလည်း သေချာစွာ ချိတ်ဆက်ဆောင်ရွက်ကြရန်၊

(ဃ) နိုင်ငံကူးလက်မှတ်အပါအဝင် အခြားအရေးကြီးသည့် စာရွက်စာတမ်းများကို တာဝန်ရှိသူများ စစ်ဆေးစဉ် ပြသနိုင်ရန်အတွက် ပြည့်စုံစွာ ယူဆောင်သွားကြရန်နှင့် ရေစိုခြင်း၊ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းမရှိစေရေး အထူးဂရုပြုရန်၊

(င) အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံး ပျက်စီးပါက ယင်း မိတ္တူများဖြင့် ပြန်လည်လျောက်ထားနိုင်ရန်အတွက် မိမိတို့၏ နိုင်ငံကူးလက်မှတ် အပါအဝင် စာရွက်စာတမ်းအားလုံးကို အနည်းဆုံး နှစ်စုံခန့် မိတ္တူကူးထားပြီး နေရာခွဲကာ သိမ်းထားရန် လိုအပ်သကဲ့သို့ တယ်လီဖုန်းဖြင့် ဓါတ်ပုံရိုက်ကာ သိမ်းဆည်ထား ကြရန်နှင့် ပတ်စပို့တွင်ပါသည့် ကိုင်ဆောင်သူ ဖြည့်သွင်းရမည့် စာမျက်နှာတွင် ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်ကို ဖြည့်သွင်း ထားရန်၊

(စ) နှစ်နိုင်ငံ သတ်မှတ်ထားသည့် စစ်ဆေးရေးဂိတ်များမှသာ ဝင်ထွက်ကြရန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနများမှ ရိုက်နှိပ်သော အဝင်တုံး နှစ်တုံး၊ အထွက်တုံး နှစ်တုံး ပြည့်စုံခြင်းရှိမရှိ စိစစ်ရန်နှင့် ပြည့်စုံမှု မရှိပါက သက်ဆိုင်ရာသို့ မေးမြန်းဆောင်ရွက်ရန်၊ (မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စာရွက်စာတမ်းများ ပြည့်စုံစွာ ပါရှိသော်လည်း နှစ်နိုင်ငံ လဝကဌာနများတွင် အဝင်/အထွက် တုံးမထုခြင်း၊ တရားဝင် ဝင်ပေါက်များမှ ထွက်ခွာမှုမရှိခြင်း၊ အထူးသဖြင့် မဲဆောက်-မြဝတီ လမ်းကြောင်းမှ ပြန်သူများအနေဖြင့် တံတားပေါ်မှ ဖြတ်သန်းခြင်းမပြုဘဲ တံတားအောက်မှ လှေဖြင့်ကူးကာ ထွက်ခွာခြင်းနှင့် ဝင်ရောက်လာခြင်း ကြောင်းလမ်းခရီးရှိ စစ်ဆေးရေးဂိတ်များမှ စစ်ဆေးချိန်တွင် နှစ်နိုင်ငံ အဝင်အထွက် တံဆိပ်တုံးများ ပါလာမှုမရှိခြင်းကြောင့် ဖမ်းဆီးခံရခြင်း၊ ပြန်လည်စေလွှတ်ခြင်းများကို ယခင်နှစ်က တွေ့ကြုံခဲ့ရပါသည်။)

(ဆ) တရားဥပဒေအရ ကန့်သတ်ထားသည့်ပစ္စည်းများ နှင့် Custom ၏ သတ်မှတ်ချက်နှင့် မကိုက်ညီသော ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရန်၊ထို့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းမှုများအရ မဟာသင်္ကြန်ကာလအတွင်း သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာဖြင့် နေရပ်သို့ပြန်မည့် အလုပ်သမားများအနေဖြင့် အိမ်ပြန်ခရီးတွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက အလုပ်သမားသံအရာရှိများထံ ဖုန်းဆက်သွယ်မှုအပြင် Line၊ Viberနှင့် လုပ်သမားသံအရာရှိရုံး၏ Facebookစာမျက်နှာဖြစ်သည့် LA-Thailand Pageတို့မှ တဆင့် ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။

ဦးစန်းမောင်ဦး(ဘန်ကောက်)
Phone | Viber | Line - 09 4884 5484

ဦးသန်းနိုင် (ဘန်ကောက်)
Phone | Viber | Line - 06 5220 6952

ဦးဇော်မင်းအောင်(ရနောင်း)
Phone | Viber | Line -06 5220 6951

ဦးအောင်မင်း(မဲဆောက်)
Phone | Viber | Line - 06 5220 6953

ဦးဦးခင်မောင်(ချင်းမိုင်)
Phone | Viber | Line - 09 9059 2352

အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

 

news 06

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org