Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

New 3

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားများအား ဆက်လက်လက်ခံဆောင်ရွက်

(၃-၇-၂၀၁၉ ရက်၊ နေပြည်တော်)

တတိယနေ့ ပြန်လည်လက်ခံရေးအစီအစဉ်အား ၃-၇-၂၀၁၉ ရက်နေ့တွင် အုန်းပြန်ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ(၁၄)ဦးနှင့် မယ်လဒုက္ခသည်စခန်းမှ (၉၄)ဦး၊ မယ်လအုန်းဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ(၁၁)ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်း၌ မြန်မာဘက်မှတာဝန်ရှိသူများမှ ကြိုဆိုလက်ခံခဲ့ပါသည်။ အဆိုပါ ပြန်လည်လက်ခံရေး အစီအစဉ်သို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လက်ခံရေးကော်မတီဝင်များ၊ ဗန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီးဦးအောင်ကျော်သူရနှင့် မြန်မာသံရုံးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

သို့ပါ၍ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ် ပြန်လည်လက်ခံရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နိုင်ငံသား စိစစ်ပြီးသူ စုစုပေါင်း (၃၁၀)ဦးအား သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် အဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။


Myanmar continues to receive verified Myanmar nationals from Thailand 

(Nay Pyi Taw, 3 July 2019)

As the third day of repatriation of the fourth batch of Myanmar Nationals from Thailand on 3 July 2019, (14) verified Myanmar nationals from Umpien Camp, (94) from Mae La Camp and (11) from Ma La Ohn Camp were warmly welcomed by Myanmar officials at Kyauk Lone Gyi camp in Myawady Township through the Myanmar – Thai Friendship Bridge (1). Members of the Repatriation Committees of Kayin State, Mon State and Bago Regional Governments, Minister Counsellor and Embassy Officials from the Embassy of Myanmar in Bangkok also attended the hand-over ceremonies.

Through the bilateral arrangement between the Governments of the Republic of the Union of Myanmar and the Kingdom of Thailand, the fourth batch of (310) verified Myanmar nationals from Thailand were well received at the Myanmar-Thai border gates from 1 to 3 July 2019.

news 13

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org