Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

New 4

ထိုင်းမြန်မာသံရုံး၊ ဗန်ကောက်မြို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

(၁၁-၁-၂၀၂၀ ရက်၊ ဗန်ကောက်မြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ ၁၈၃၀နာရီမှ ၂၀၃၀နာရီအထိ ဗန်ကောက်မြို့ ၊ The Athene Hotel တွင်ကျင်းပခဲ့ရာထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ် ကြီး ဦးမျိုးမြင့်သန်းမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး နှစ်နိုင်ငံနိုင်ငံတော် သီချင်းများ ဖွင့်လှစ်ခြင်း၊ နှစ်နိုင်ငံခေါင်းဆောင်များကျန်းမာစေရန် ဆုမွန်ချွေခြင်းနှင့် အပြန် အလှန် ဆုတောင်းမှုများပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဟိုတယ်အစားအသောက်များအပြင် မြန်မာ့ရိုးရာအစားအသောက်များ ဖြစ်သော ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ ဆနွင်းမကင်း၊ အုန်းနို့ခေါက်ဆွဲ၊ ကျောက်ကျောတို့ဖြင့် ကြွရောက်လာကြသောဧည့်သည်များအားတည်ခင်းဧည့်ခံခြင်း၊ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကပြမှုများပြုလုပ်ခဲ့ပါသည်။

ထို့အပြင် တိုင်းနှင့်ပြည်နယ်(၁၄)ခု၏ အထင်ကရနေရာများအားပြသထားသည့်ရှုခင်းအလှ ဓါတ်ပုံ(၂၈)ချပ်အား ခင်းကျင်းပြသခြင်းနှင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ ပေးပို့သည့်တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၄)ခု၏ ဧည့်လမ်းညွှန်လက်ကမ်းစာအုပ် နှင့် စာစောင်များ၊ CD အခွေများဖြန့်ဝေခြင်းတို့ကိုလည်းပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ Guest of Honour များအဖြစ် Privy Councill၀r H.E. Mr. Chirayu Isarangkun Na Ayuthaya ၊ ထိုင်းလွှတ်တော် ဒုတိယဥက္ကဌ H.E. Mr. Suchart Tonjaroen ၊ ထိုင်းနိုင်ငံနိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Mr.Vijavat Isarabhakdi တို့ အပါအဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ဗန်ကောက်မြို အခြေစိုက် သံရုံး၊ အဖွဲ့ရုံးများမှသံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းများမှ အကြီးအကဲများ၊ စစ်သံမှုးများ၊ ထိုင်းအစိုးရစစ်ဘက်/ နယ်ဘက်မှအရာရှိကြီး များ၊ မြန်မာနှင့်ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာမိတ်ဆွေများ၊ မြန်မာနိုင်ငံမှ ပညာ တော်သင် ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်းဧည့်ပရိသတ် (၄၀၀) ကျော် စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

 

news 14
news 15
news 16
news 17
news 18
news 19
news 20
news 21
news 22
news 23

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org