Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့် အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်

(၁၇-၇-၂၀၂၃ ရက်၊ နေပြည်တော်)
ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန်၊ ဘူတန် နိုင်ငံခြားရေးနှင့်ပြည်ပကုန်သွယ်ရေးဝန်ကြီး ဒေါက်တာ တန်ဒီဒေါ်ဂျီ၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၊ နီပေါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာရာရန် ပရာကက်ရှ်ဆော့ဒ်၊ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအလီဆာဘရီ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း နှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာတန်ဇင်လက်ခ်ဖဲလ် တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း နိုင်ငံခြားရေး ဝန်ကြီးများသည် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဘင်းမ်စတက် အနာဂတ် ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများကျင်းပရေးတို့အပေါ် ဆွေးနွေး ခဲ့ကြသည်။ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအား ဆွေးနွေးရာတွင် ကပ်ရောဂါ၊ ငွေကြေးအကျပ်အတည်း၊ သဘာဝဘေးအန္တရာယ်တို့နှင့် ရင်ဆိုင်တွေ့ကြုံရပါက ကြံ့ကြံ့ခံ နိုင်စွမ်းရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားသောဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စများဖြစ်သည့် နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ် ထူထောင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
သီးသန့်အစည်းအဝေးအပြီးတွင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထို့နောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာပရာယုဒ်ချန်အိုချာ အား စုပေါင်းတွေ့ဆုံခဲ့ကြပါသည်။
ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အား ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာ တန်ဇင်လက်ခ်ဖဲလ် က ၁၆-၇-၂၀၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ အတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဘင်းမ်စတက် ပဋိညာဉ် (BIMSTEC Charter) အား မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့သည့် စာလွှာ(မူရင်း)ကို အတွင်းရေးမှူးချုပ်ထံ ကိုယ်တိုင်အပ်နှံခဲ့သည်။ မြန်မာနိုင်ငံသည် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ အတိုင်း ဘင်းမ်စတက်ပဋိညာဉ်အား အတည်ပြုပါဝင်ခဲ့ပြီးဖြစ်သည်။
ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး မကျင်းပမီ ၁၆-၇-၂၀၂၃ ရက်နေ့၊ ညနေပိုင်းတွင် ဘင်းမ်စတက် လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်းက တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အခြားသော ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation - BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စသည့် အဖွဲ့ဝင် (၇) နိုင်ငံ ပါဝင်သည်။ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ (၇) ခုရှိသည့်အနက် မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံ အဖြစ် တာဝန်ယူလျက်ရှိကြောင်း သိရှိရပါသည်။

*****************

Union Minister for Foreign Affairs H.E. U Than Swe attends BIMSTEC Foreign Ministers’ Retreat in Bangkok, Thailand

(17 July 2023, Nay Pyi Taw)
At the official invitation of H.E. Mr. Don Pramudwinai, Deputy Prime Minister and Minister for Foreign Affairs of the Kingdom of Thailand, the current Chair of BIMSTEC, the Union Minister for Foreign Affairs H.E. U Than Swe participated in the BIMSTEC Foreign Ministers’ Retreat held on 17 July 2023.
The Foreign Ministers of the BIMSTEC Member States i.e. H.E. Dr. A. K. Abdul Momen, Minister for Foreign Affairs of Bangladesh, H.E. Dr. Tandi Dorji, Minister for Foreign Affairs and External Trade of Bhutan, H.E. Dr. S. Jaishankar, Minister for External Affairs of India, H.E. Narayan Prakash Saud, Minister for Foreign Affairs of Nepal, H.E Mr. Ali Sabry, Minister for Foreign Affairs of Sri Lanka, H.E. Mr. Don Pramudwinai, Deputy Prime Minister and Minister for Foreign Affairs of Thailand and H.E. Mr. Tenzin Lekphell, Secretary-General of BIMSTEC were present at the Retreat.
During the Retreat, the Foreign Ministers cordially discussed and exchanged views on matters related to BIMSTEC Cooperation mechanism as well as regional and global issues.
On BIMSTEC Cooperation mechanism, their discussions focused on the cooperation with the external partners, establishment of the Eminent Persons’ Group (EPG) on the Future Directions of BIMSTEC and holding of the BIMSTEC Ministerial Meetings. They also deliberated on resiliency to crisis i.e. pandemic, financial crisis and natural disasters, post covid-19 economic development and other regional and global issues including ways and means to establish cross-border digital payment system, health, energy and food security.
After the Retreat, the Chair of BIMSTEC, Thailand hosted a Luncheon in honor of delegations to the BIMSTEC Foreign Ministers’ Retreat.
Then, the BIMSTEC Foreign Ministers paid a joint courtesy call on H.E. Mr. Prayut Chan-o-cha, the Prime Minister of the Kingdom of Thailand.
On the sidelines of the BIMSTEC Foreign Ministers’ Retreat, H.E. Mr. Tenzin Lekphell, the Secretary General of BIMSTEC paid a courtesy call on the Union Minister H.E. U Than Swe in the afternoon of 16 July 2023. During the call, the Union Minister handed over the original document of Myanmar’s “Instrument of Ratification to the BIMSTEC Charter” to the Secretary General. Myanmar has already ratified the BIMSTEC Charter as per the provisions stipulated in the Charter.
In the evening of 16 July 2023, the Union Minister H.E. U Than Swe together with the Foreign Ministers from other BIMSTEC Member States attended the Welcoming Dinner hosted by H.E. Mr. Don Pramudwinai, Deputy Prime Minister and Minister for Foreign Affairs of Thailand, the current Chair of BIMSTEC.
The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) is a regional organization established in 1997 and it comprises seven Member States namely Bangladesh, Bhutan, India, Myanmar, Nepal, Sri Lanka and Thailand. The main aim of BIMSTEC is to promote economic cooperation among the Member States of the Bay of Bengal region. Out of current seven Sectors of BIMSTEC Cooperation, Myanmar is now serving as the Lead Country in “Agriculture and Food Security Sector”.

20230718 17

20230718 17

20230718 17

20230718 17

20230718 17

20230718 17

20230718 17

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org