Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

News

ထိုင်းနိုင်ငံရောက် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ တတိယအကြိမ်အဖြစ် ပြန်လည်လက်ခံဆောင်ရွက်
(၂၁-၂-၂၀၁၉ ရက်၊ နေပြည်တော်)

ထိုင်းနိုင်ငံမှ စိစစ်ပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၁၃၃ ဦးသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)မှတစ်ဆင့် မြဝတီမြို့၊ ကျောက်လုံးကြီးစခန်းသို့ ဖေဖော်ဝါရီလ ၂၀ ရက်က ပထမအသုတ်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့ရာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံကြိုဆိုခဲ့ပြီး၊ လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်းလျက် စနစ်တကျစိစစ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်လျက် ရှိရာတွင် တတိယအကြိမ်အဖြစ် စိစစ်ပြီး နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၅၇၅ ဦးအား ကရင်ပြည်နယ်၊ မြဝတီဂိတ်နှင့် ကယားပြည်နယ်၊ မယ်စယ့်ဂိတ်တို့မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အတွင်း ပြန်လည် လက်ခံသွားမည် ဖြစ်ပါသည်။

ဆက်လက်၍၊ ဒုတိယအသုတ်အဖြစ် စိစစ်ပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၂၆၀ ဦးသည် ကယားပြည်နယ်၊ မယ်စယ့်ဂိတ်နှင့် ကရင်ပြည်နယ်၊ မြဝတီဂိတ်တို့မှ လည်းကောင်း၊ တတိယအသုတ် ၁၈၂ ဦးသည် ကရင်ပြည်နယ်၊ မြဝတီဂိတ်မှလည်းကောင်း၊ ဆက်လက်ဝင်ရောက်လာကြမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား မိမိဆန္ဒအလျောက် ပြန်လိုသူ မြန်မာနိုင်ငံသားများအား စိစစ်လက်ခံ ဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားရှိသည့် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ကျင်းပသွားရန် ရှိကြောင်း သတင်းရရှိသည်။

 

news 01
news 02
news 03
news 04

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org