Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

New 2

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ဆက်လက်လက်ခံဆောင်ရွက်

(၂-၇-၂၀၁၉ ရက်၊ နေပြည်တော်)

ဒုတိယနေ့ ပြန်လည်လက်ခံရေးအစီအစဉ်အဖြစ် ၂-၇-၂၀၁၉ ရက်နေ့တွင် ဘန်မနွိုင်ဆွိုင်း ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား(၃၂)ဦးအား ဆက်လက်ပို့ဆောင်ခဲ့ရာ မြန်မာဘက်မှ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် လက်ခံကြိုဆိုရေးအဖွဲ့မှ မြန်မာဘက် မယ်စဲ့ဂိတ်တွင် လက်ခံကြိုဆိုခဲ့ပါသည်။ ထို့အပြင် ထမ်ဟင်းဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား(၂)ဦးအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်ခံရေးကော်မတီဝင်များမှ ထီးခီးဂိတ်တွင် ကြိုဆိုလက်ခံခဲ့ပါသည်။ အဆိုပါ လွှဲပြောင်းလက်ခံသည် အခမ်းအနားများသို့ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးဒုတိယအကြီးအကဲ (သံအမတ်) ဒေါ်အိအိတင်နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသိန်းတင်တို့လည်း တက်ရောက်ခဲ့ပါသည်။

အဆိုပါနေရပ်ပြန်မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ခံရေးကော်မတီဝင်များမှ နေရပ်ပြန်များအခြေချနေထိုင်မည့် မူလဇာတိဒေသများအရောက် ပို့ဆောင်ခြင်း၊ ထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများပေးအပ်ခြင်း၊ နိုင်ငံသားဆိုင်ရာ အထောက်အထားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းများကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများမှ အခန်းကဏ္ဍအလိုက် ဆက်လက်ကူညီဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ထို့ပြင် တတိယနေ့ ပြန်လည်လက်ခံရေးအစီအစဉ်အား ၃-၇-၂၀၁၉ ရက်နေ့တွင် မယ်လ၊ အုန်းပြန်နှင့် မယ်လအုန်း ဒုက္ခသည်စခန်းများမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ဆက်လက် လက်ခံကြိုဆို သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။


Myanmar continues to receive verified Myanmar nationals from Thailand
(Nay Pyi Taw, 2 July 2019)

As the second day of repatriation of the fourth batch of Myanmar Nationals from Thailand on 2 July 2019, (32) verified Myanmar nationals from Ban Nai Soi were welcomed by the Chief Minister of Kayah State Government at the Maese Gate in Kayah State. Moreover, (2) Myanmar nationals from Tham Hin camps were welcomed by the Repatriation Committee Members from the Tanintharyi Regional Government at Hteekhee Gate in Tanintharyi Region. Deputy Chief of Mission of the Embassy of Myanmar in Thailand, Daw Ei Ei Tin and Consul-General of the Myanmar Consulate in Chiang Mai, U Thein Tin also attended the hand-over ceremonies.

The relevant Ministries and the Repatriation Committees of State and Regional Governments arranged transportation for the returnees to reach their homes and provided with the humanitarian and financial assistance. They will also provide Household Registration Form (Form-10) and issue NRC cards through the national verification process. In addition, relevant State and Regional Governments will provide education and health-related assistance to the returnees. The repatriation process will continue with verified Myanmar Nationals from Mae La, Umpiem and MaeLa Oon camps at Kyauk Lone Gyi camp in Myawady Township on 3 July 2019.

 

news 11
news 12

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org