Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန် နှင့် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အလီ ဆာဘရီ တို့နှင့် သီးခြားစီတွေ့ဆုံ

(၁၇-၇-၂၀၂၃ ရက်၊ နေပြည်တော်)
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန် နှင့် ဒေသစံတော်ချိန် (၁၆၃၀) နာရီတွင်လည်းကောင်း၊ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အလီ ဆာဘရီနှင့် ဒေသစံတော်ချိန် (၁၇၁၅) နာရီတွင် လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးသောဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အထူးသဖြင့် ပညာရေး၊ သတင်းအချက်အလက်နည်းပညာ၊ ငွေကြေးကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

*******************************

Union Minister for Foreign Affairs of Myanmar U Than Swe separately meets Minister of Foreign Affairs of Bangladesh H.E. Dr. AK Abdul Momen and Sri Lankan Foreign Minister Hon. Ali Sabry
(17 July 2023, Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar separately met H.E. Dr. AK Abdul Momen, Minister of Foreign Affairs of the People’s Republic of Bangladesh at 1630 hrs (Local Time) and Hon. Ali Sabry, Foreign Minister of Democratic Socialist Republic of Sri Lanka at 1715 hrs (Local Time) on 17 July 2023 on the sidelines of 12th Mekong-Ganga Cooperation Foreign Ministers’ Meeting and BIMSTEC Foreign Minister’s Retreat in Bangkok, Thailand.
During the meeting with the Minister of Foreign Affairs of Bangladesh, they candidly exchanged views on further consolidation of bilateral relations between the two countries, expansion of bilateral trade and economic cooperation, successful implementation of repatriation of verified displaced persons from Rakhine State as well as regional and international matters of mutual interest.
During the meeting with the Sri Lankan Foreign Minister, they cordially exchanged views on matters related to the further promotion of the traditional friendly relations between Myanmar and Sri Lanka, enhancement of trade and investment particularly in the areas of education, information technology, finance, and closer collaboration in regional and multilateral contexts.

20230718 12

20230718 12

20230718 12

20230718 12

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org